Pages

Friday, March 29, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့(၂၉.၃.၂၀၁၂)ရက်၊ နေ့လည် (၂)နာရီမှ (၃း၃၀)နာရီထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သွားရောက် တွေ့ဆုံခဲ့သူများမှာ အလ်ဟာဂ်ျဦးတင်နိုင် (အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်)၊ ဦးဝဏ္ဏရွှေ (တွဲဖက်အတွင်းရေးမှူး၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်)၊ အလ်ဟာဂ်ျဦးမြင့်ထွန်း(ဥက္ကဋ္ဌ၊မြန်မာမွတ်စလင်လူငယ်များဘာသာရေးအဖွဲ့မ.မ.လ)၊ ဟာဂျီဦးကျော်ခင်(အထွေထွေအတွင်းရေးမှူး၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်)တို့ဖြစ်ပါသည်။ 
 ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုများ ချုပ်ငြိမ်းကာတည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်မှု ကြောင့်ဒုက္ခရောက်သူများအား ကူညီထောက်ပံ့နိုင်ရေး၊အိုးအိမ်စွန့်ခွာခဲ့ကြရသူများ မိမိတို့အိုးအိမ်တွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေးနှင့် ပျက်စီးသွားသော သာသနာ့ အဆောက်အအုံများ ပြန်လည်ပြင်ဆင်နိုင်ရေး ကိစ္စများတင်ပြဆွေးနွေးခဲ့ပါသည်။

ဝန်ကြီးချုပ်က အကြမ်းဖက်မှုများ ချုပ်ငြိမ်းကာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဒုက္ခသည်များပံ့ပိုးကူညီ ရေးနှင့်မူလအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်း လင်းတင်ပြပြီးသမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း လုံးဝတည်ငြိမ် အေးချမ်းသွားအောင် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် တာဝန်ယူ ပြောကြားသွားပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအား ဖုန်းဖြင့်ဆက်သွယ်(၂၈.၃.၂၀၁၃)၊ ည(၈)နာရီခန့်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လတ်တလောဖြစ်ပေါ်နေသောအခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

လတ်တလောဖစ်ပေါ်နေသောအခြေအနေများတည်ငြိမ်အေးချမ်းစေရန်အတွက် သာသနာရေးဝန်ကြီး
ဌာန၊ပြည်ထောင်စုဝန် ကြီးထံလိပ်မူ၍ စာတစ်စောင်လည်းပေးပို့ခဲ့ပါသည်။
Myanmar Muslim.Net, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment